လမ်း(ဂျေမိုး)

Record Tracklist

  1. လမ်း(ဂျေမိုး) -:-- / 4:27

တေးရေး – အားဆီ

VERSE 1
အဓိပ္ဗါယ်မဲ့ လမ်းပေါ်မှာ ငေးငိုင်နေသူ
အရှေ့ကိုလား အနောက်ကိုလား တစ်ခုခုကိုရွေး
ဘဝဆိုတာ အခုမြင်လိုက် အခုပျောက်နိုင်ရာ
လွန့်လူးတဲ့ ရေပွားလေး

VERSE 2
အချစ်တွေနဲ့ အမုန်းတွေနဲ့ လူ့ဘဝအလယ်မှာ
အစွန်းထင်နေ နွမ်းကြေနေ နေ့ညအချိန်တိုင်း
ကမ်းမမြင်နိုင် လမ်းမမြင်နိုင် ဒုက္ခပင်လယ်
ပင်ပန်းခြင်း အိပ်မက်များ

CHORUS 1
တကယ်ဆိုရင် လူ့အသက်တာ လူ့ဘဝအချိန် အခိုးအငွေ့တွေလို
ဘယ်ချိန်မှာ လွင့်ပျောက်မယ် အဆုံးသတ်မယ် ဘယ်သူမှမသိဘူး
တမလွန်ကို သွားဖို့ရာ စိတ်ချစရာ လမ်းခရီးကဘယ်မှာ
အခုကတည်းက အဖြေမှန်ရှိလား

CHORUS 2
ယုံကြည်ပါ လူ့ဘဝအချိန် လူ့အသက်တာ အခိုးအငွေ့တွေလို
ဘယ်ချိန်မှာ လွင့်ပျောက်မယ် အဆုံးသတ်မယ် ဘယ်သူမှမသိလည်း
တမလွန်ကိုသွားခြင်းမှာ စိတ်ချစရာ လမ်းက ခရစ်တော်သာ
အခုကတည်းက ယုံကြည်ကိုးစား