ယေရှုနောက်လိုက်ခြင်း(ဖြူဖြူကျော်သိန်း)

Record Tracklist

  1. ယေရှုနောက်လိုက်ခြင်း(ဖြူဖြူကျော်သိန်း) -:-- / 3:54

တေးရေး – ခွါလ်ပူ

VERSE 1
ဒီကမ္ဘာနေ တို့ရဲ့ဘဝများ သူ့နောက်လိုက်စစ် ဟုတ်ပါရဲ့လား
သူရင်ဆိုင် လျှောက်ခဲ့တဲ့လမ်း လေးလွန်းလှတဲ့ ကားတိုင်ထမ်းကာ
နင်ဒါကို သဘောပေါက်ရဲ့လား ပေးဆပ်ခြင်းနဲ့ လိုက်လျှောက်ပါဦး
အစေခံရာလမ်းရဲ့ သဘာ၀ အမြဲတမ်းချည်းတော့ မချောမွေ့ဘူးကွာ

VERSE 2
ထိုသခင်ရဲ့ တရားသဘောတော်အတိုင်း ဦးစားပေးလို့ အသက်ရှင်ရဲ့လား
ခန္ဓာကိုယ်အသွေးအသားဆန္ဒ တပ်မက်မှုတို့ ချိုးနှိမ်ရမှာ
ရှင်သန်ရာနေ့ရက်အချိန်တိုင်း ကိုယ့်ရဲ့ကားတိုင်ကိုယ်ထမ်းရမှာ

CHORUS
ခက်ခဲမှုများ တွေ့ ကြုံလည်း အဆုံး၌အောင်မြင်ရမှာ
အသွေးတော်တန်ခိုး ရွေးနှုတ်ခြင်းကြောင့်
သင့်ဘဝအောင်မြင်မှာပါ ယေရှုကြောင့်သာ
(သူ့ကြောင့်ပဲ ယေရှုကြောင့်ပဲ ဒါသူ့ကြောင့်ပဲ ယေရှုကြောင့်သာ)