မျှော်လင့်ရာစကားတစ်ခွန်း- ဆုန်သင်းပါရ်

Record Tracklist

  1. မျှော်လင့်ရာစကားတစ်ခွန်း- ဆုန်သင်းပါရ် -:-- / 5:22

VERSE 1
အားငယ်ရှာ နေလောင်ပန်းရိုင်းလေးတစ်ပွင့် ဝေးလို့ကြွေလွင့်တော့မယ်
ညှိုးငယ်ကာ ဒဏ်ရာနှလုံးသားလေးသည်လည်း မောဟိုက် ပင်ပန်းလွန်းတယ်
ဘယ်တော့များ သာယာဦးမလဲ ဘယ်တော့များ ပျော်ရွှင်ရမလဲ
ရှင်သန်ဖို့ခက်လို့နေလည်း

VERSE 2
စမ်းရေပမာ တသွင်သွင် အေးမြမှုတွေနဲ့ လန်းဆန်းခွင့်ပေးထားတယ်
လှမ်းလာပါ ဒဏ်ရာငြိမ်းသွားစေမယ့် ဖေးမနေဆဲပဲကွယ်
ငြိမ်သက်ခြင်း ထာဝစဉ်ပေးမယ် မျှော်လင့်ခြင်း သူပိုင်ဆိုင်ထားတယ်
ကိုယ်တော်အကြောင်း ပြောပြချင်တယ်

CHORUS
မျှော်လင့်ရာစကားလေးတစ်ခွန်းဟာ မထင်မှတ်တဲ့အချိန်အတွင်းမှာ
ဘဝတစ်ခုလုံး ပြောင်းလဲပေးနိုင်တဲ့အရာ
မျှော်လင့်ရာစကားလေးတစ်ခွန်းဟာ မထင်မှတ်တဲ့အချိန်အတွင်းမှာ
ဘဝတစ်ခုလုံး ပြောင်းလဲပေးနိုင်တဲ့အရာ
သင်ကိုယ်တိုင် ကြိုးစားပြောပါလား