တေးရေး-ခိုင်သစ်အောင်
VERSE 1
ရွက်လွင့်ဆဲပဲ လှေငယ်ဟာလှုပ်ရှား
လှိုင်းတံပိုးတွေ လေမုန်တိုင်းတွေ ရေး
ကြမ်းတမ်းနေလည်း လှေငယ်လေးဟာ ဆက်သွား
အားကိုးရာ ကိုယ်တော်ရှိခဲ့
PRE-CHO
ရှုံးနိမ့်ခြင်းတွေ့ကြုံရနေတတ်လည်း
ဘယ်တော့မှ နောက်မဆုတ်ဘူး
တကယ်ဆို ရှေ့ဆက်ဖို့ရန် ခွန်အား
CHORUS
ထာဝစဉ် လုံခြုံနွေးထွေး ဘဝမှာ အားအင် အစဉ်ပေး ရွက်လွင့်
အနားမှာ ကိုယ်တော်ရှိခဲ့အမြဲအစဉ်
အခြေအနေအချိန်များ ဆိုးရွား ဒုက္ခမိုးတွေ ထန်နေလည်း ရွက်လွင့်
အနားမှာ ကိုယ်တော်အားပေးအမြဲစဉ် ရွက်လွင့် အားအင်ရှိခဲ့
CHORUS
ရွက်လွင့်ဆဲပဲ ကိုယ်တော်နဲ့ဆို မပူဘူး
ဒုက္ခတွေ သူဖြေရှင်းပေး
ကလေးတစ်ယောက်အတိုင်းပဲ ပူပင်မှုတွေ ပျောက်သွား
အနီးအနားမှာ ကိုယ်တော်ရှိခဲ့ ရေး
BRIDGE
ရင်ဆိုင်မယ်ရှေ့ဆက် သူခွန်အားပေး
ဘယ်တော့မှ နောက်မဆုတ်ဘူး
တကယ်ဆို ရှေ့ဆက်ဖို့ရန်ခွန်အား
ထာဝစဉ် ထာဝစဉ် အားပေး
ENDING
ကိုယ်တော်နဲ့ ရွက်လွင့် ကိုယ်တော်နဲ့ ရွက်လွင့်
ကိုယ်တော်နဲ့ ရွက်လွင့် ရေး
အခြေအနေအချိန်ခါဆိုးရွား ဒုက္ခလှိုင်းတွေထန်စဉ်
ရွက်လွင့် ရွက်လွင့် ရွက်လွင့်