တေးရေး-ထူးထူးသာ
VERSE 1
သူငယ်ချင်း ပြန်တွေးကြည့်ရင်
တကယ်ကို ဒို့ပျော်ခဲ့တာလေးတွေ ပြန်သတိရတယ်
မာနကင်းတယ် အပူပင်ကင်းတယ်
ဘယ်မှာ ရှာဖွေမလဲကွယ် မရှိတော့ဘူး
VERSE 2
သူငယ်ချင်း ဒို့ဝေးရပြီ
ပူလောင်မှုတွေထဲမှာ တဝဲလည် နစ်မွန်းခဲ့တယ်
ဂုဏ်ပြိုင်ကြတယ် အရောင်တွေ ခွဲတယ်
အဖြူလေးတွေပဲ အို ပြန်သတိရတယ်
CHORUS
အသိစိတ်တွေ ကင်းမဲ့ တစ်ခါတစ်လေ ရူးလောက်ရဲ့ကွယ်
အားပေးမယ့် အပြုံးလေး ဘယ်မှာလဲ
အို အတိတ်ကလိုပဲ ဖြူစင်ရိုးသားမှုတွေ တောင့်တတယ်
သူငယ်ချင်း မင်းက ဘယ်လိုလဲ
VERSE 3
သူငယ်ချင်း ပြန်တွေ့ကြရင်
ကိုယ်တော်ရှင်ရဲ့ခြေရင်းမှာ ဒို့အတူဝန်ချလို့ရယ်
မာနကင်းတဲ့ အရောင်တွေမခွဲတဲ့
ဟိုမှာ ဒို့ချစ်ခြင်းတွေနဲ့ အို ကြည်နူးတယ်