VERSE
မုသားနဲ့ စွဲချက်များ ပြုအားနဲ့ ရိုက်ချက်များ ရက်စက်လေသောအခါ
တည်ငြိမ်စွာ ဝေဒနာတွေကြားမှာ
အသင် ယုဒရဲ့ဘုရင်လား ဝိုင်းဝန်းပြက်ရယ်ကြ ဟားတိုက်ရယ်မောကာ
ကိုယ်တော်ကို နာကျင်စေကြပြီ
ဒီလိုဝေဒနာ ဘယ်သူတွေအတွက်သာ ယဇ်ပလ္လင်ထက်မှာ
သိုးသငယ်လေးပမာ အသေခံရရှာ
CHORUS
ဂေါလဂေါသ ကုန်းမြင့်ပေါ်မှာ ရက်ရက်စက်စက် ဒဏ်ချက်တော်များ
အသဲတဆတ်ဆတ်ခါ(နာ) မလွန်ဆန်နိုင်ပါ စီရင်ခြင်းကို
ကြုံလာလေမည် ပလ္လင်ဖြူရှေ့မှာ ယုံကြည်သူတွေ အောင်မြင်ဖို့ကို
ကိုယ်တော်ကိုယ်တိုင် ထိုသေခြင်းအား အောင်မြင်ခဲ့ပြီ
ထိုသေခြင်းကို အောင်မြင်လေပြီ
(သုံးရက်မြောက်ထမြောက်သည့်စကား သင်္ချိုင်းတံခါးဖွင့် သေခြင်းမာန်အား)