ရေပေါ်ရေးတဲ့ပန်းချီ – ထွဏ်းထွဏ်း

Record Tracklist

  1. ရေပေါ်ရေးတဲ့ပန်းချီ – ထွဏ်းထွဏ်း -:-- / 4:01

အချစ် ကိုယ်တော်အားခေါ်မိ
အမှန်တကယ် ချစ်ခြင်းလား ရင်ထဲက စိုးရိမ်မိ
ဂတိ အသံပြန်ထပ်ခါပေး
ဒီလိုဂတိစကားများ နောက်ဆုံးရက် ဖြစ်ပါ့မလား

မဝံ့မရဲနဲ့ ခြေလှမ်းများ လေးလံဆဲ
ဘယ်မှာစိတ်ချမှုရှိလဲ တွေဝေဆဲပဲ
ရှေ့ဆက်ပါ တစ်လှမ်းချင်းလှမ်းနေခဲ့
ကိုယ်တော်ကတော့ သိနှင့်တယ်
ရေပေါ် ရေးဆွဲ ထားခဲ့ဖူးတဲ့ ထိုပန်းချီရယ်

သခင့် ကိုယ်တော်အားခေါ်မိ
ဖြူစင်တဲ့ နှလုံးသား ကိုယ်တော့်အားပေးချင်လည်း
အရှင့် အလိုတော်လိုက်ချင်လည်း
ဖြေမလွယ်တဲ့ကြိုးနဲ့ ဇာတိက ချုပ်နှောင်ထား

သိရက်နဲ့ ဒီအမှားတွေ ထပ်နေခဲ့
ကိုယ်တော်ကို ကားတိုင်ထက်တွန်းပို့ခဲ့ အမှားသံသရာလည်
ဖေးမပါ ပြစ်သားကျွန်ုပ်တို့အတွက်များ
ဒီရင်ကို ရိုက်ခတ်လှုပ်ခွင့်ပေးပါ
ဖြူစင်ခြင်းနဲ့ သစ္စာပေးတယ်
အို ပြောင်းလဲတဲ့မေတ္တာ ဂတိတွေပေးတယ် အို အရှင်ရယ်