တေးရေး-မန်ပီး
VERSE 1
ဝိညာဉ်တော်အရှင်သခင် ပို့ဆောင်တော်မူပါ
ကျွန်ုပ်၏ လမ်းခရီး ကြမ်းလွန်းလှသည်
စုံစမ်းခြင်းများလည်း အကြိမ်ကြိမ်တွေ့ရသည်
ခံနိုင်ရည်စွမ်းအား လိုနေသည်
VERSE 2
ဝိညာဉ်တော်အရှင်သခင် ဖေးကူတော်မူပါ
မှောင်မိုက်ခြင်း ဖုံးလွှမ်း လောကထဲမှာ
မျှော်လင့်ခြင်းများလည်း ခိုင်မာမြဲဖို့ရန်
ဝိညာဉ်တော်စွမ်းအား လိုနေသည်
CHORUS
ဝိညာဉ်တန်ခိုးသွန်းလောင်း ခွန်အားပေးမူပါ
သခင့်နောက်ကို ကျွနု်ပ်လိုက်ချင်သည်
ဝိညာဉ်တန်ခိုးသွန်းလောင်း ခွန်အားပေးမူပါ
သခင့်အမှုတော် ကျွန်ုပ်ထမ်းချင်သည်
ဝိညာဉ်တော်အရှင်သခင် ဖေးကူတော်မူပါ
မစုံလင်ရာ ဤလောကမြေမှာ