VERSE 1
ယုံကြည်တယ်ဆိုရုံနဲ့ မပြီးပါ ကိုယ်တော်ရှင်စေရာလမ်းသွားကာ
အန္တရာယ်တွေဆုံရင်လည်း ရင်ဆိုင်ကာ ကျော်ဖြတ်သွားပါ
အဆင်မပြေစရာ ကြုံလာလည်းမမှုပါ ကိုယ်ရှင်သင့်အနားရှိတာ
မပြေလည်တာ ပြေလည်ဖို့ ကိုယ်တော်ရှင် တာဝန်ထားပါ
VERSE 2
အလိုတော်ကို ဝန်ခံလို့မပြီးပါ အစေခံရန် ကိုယ်တော်ဘုရားမိန့်မှာ
ယုံနေသူ သင့်အနား အစဉ်သာပင် ကြုံနေခိုက်မှာ
မမြင်ဟန်ဆောင် ကျော်ဖြတ်ပြီးသွားမလား အစေခံကာ ကူညီမလား စဉ်းစား
ကြုံလာရင် ရှောင်ဖယ်တော့ ကိုယ်တော်ရှင် တကယ်ကြေကွဲစရာ
CHORUS
ကိုယ်နှင့်ဆိုင်သောသူအများအား ကိုယ်နှင့်အမျှချစ်ဖို့ မိန့်မှာ
အားနည်းတဲ့ ဒို့ညီအစ်ကိုတွေ မလှမ်းမကမ်း၌ ရှိနေတယ်လေ
ဖေးမရင်း ဒို့လက်ကမ်းလို့ အမြဲရှိပါစေ
သခင်ဘုရားရဲ့သတင်းစကားဖြန့်ဝေ
သခင်ဘုရားရဲ့ အလင်းများလင်းစေ
အပြောနဲ့အလုပ်ကိုက်ညီပါစေ အလင်းမီးများ မမှေးမှိန်အောင်လေ
နှုတ်ကပတ်တရားစွဲကိုင်ထားရင်း လှမ်းမယ်လေ