အမှတ်တမဲ့နေ့ရက် (ထွဏ်းထွဏ်း)

Record Tracklist

  1. အမှတ်တမဲ့နေ့ရက် (ထွဏ်းထွဏ်း) -:-- / 4:02

VERSE 1
ပြင်ဆင်ချိန်တွေမှာ မပြင်ဆင်ကြဘဲနဲ့
နေချင်သလိုနေကာ အပျော်လွန်ကျူးရင်
လာမယ့်တစ်ချိန်မှာ မမျှော်လင့်ဘဲနဲ့
ငိုယိုအော်မြည်ကာ တမ်းတပူဆွေးလို့

CHORUS 1
အမှတ်တမဲ့နေ့ရက်များ ရောက်ရှိတတ်တယ်
အမှတ်တမဲ့နေ့ရက်အတွက် အသင့်ရှိကြပါစို့
အမှတ်တမဲ့နေ့ရက်က လူသားတိုင်းအတွက်ကို
အမှတ်တရဖြစ်ဖို့ ရောက်လာတတ်တယ်

VERSE 2
ဆင်ခြင်ချိန်တွေမှာ မဆင်ခြင်ကြဘဲနဲ့
နေမဝင်ခင်ချိန်မှာ နေနိုင်ကြရင်
လာမယ့်တစ်ချိန်မှာ မမျှော်လင့်ဘဲနဲ့
ချီဆောင်ချိန်တန်ရင် တံပိုးမှုတ်သံကြားလို့

CHORUS 2
အမှတ်တမဲ့နေရက်အတွက် ပြောခဲ့ပြီးပြီ
အမှတ်တမဲ့ရောက်ရှိလို့ သိမ်းဆည်းမယ့်သခင်ကို
အမှတ်တမဲ့သတိမေ့တဲ့ ချစ်သားသမီးတိုင်းကို
အမှတ်တရဖြစ်ဖို့ သတိတွေပေးမယ်