VERSE
သင်သည်လည်း ဘုရားရဲ့ မြင့်မြတ်လှသော နှလုံးသားမေတ္တာကို
ခံယူရင်းနဲ့ သင်မွေးဖွား ဒီမြေကို ခဏအတွင်းရောက်လာသူ
သင်မသိသော လောကလမ်းများစွာထဲ လျှောက်လှမ်းစဉ်မှာ
အဆင်မပြေတာတွေ ကြုံတွေလည်း ကိုယ်တော်သည် သင့်ရဲ့အနားမှာပဲ
PRE-CHO
အမြဲဝမ်းမြောက်ပါ ကိုယ်တော်သည် အလွန်ကောင်းမြတ်သော ဘုရားသခင်ပါ
ပူပန်စရာတွေ ဘာမှမရှိတော့ အစဉ်သာ သင့်အနားမှာ
မနေ့ ယနေ့နဲ့ နောင် မပြောင်းလဲသော ကိုယ်တော်၏ နှုတ်ထွက်ကတိတော်
သင်သည် အလိုလိုခံစားရတာ သင်ချီးမွမ်းလိုက်ပါကွာ
CHORUS
ဘုရားမြတ်အတွက် ပေးဆပ်ဖို့ရော သင်တွေးခဲ့ဖူးရင်ကွာ
ကိုယ်နိုင်သလောက်ဆက်ကပ်ပါ ဘုရားမြတ် ဝမ်းသာမှာ
လောက၏ ဆားအဖြစ် အလင်းဖြစ် အမြဲတမ်းအသက်ရှင်ရင်
ဖော်မကုန်သော ကျေးဇူးတော် သင့်အတွက်ရှိနေမှာ