VERSE 1
မပြောင်းလဲတော့မယ့် သခင့်ရဲ့အချစ်
လောကီလူသားများအတွက်ပါ
အသွေးသွန်းကာ ကယ်နှုတ်ရှာ
သူချစ်လွန်းလို့မဟုတ်လား
VERSE 2
အသွေးနဲ့ဆေးကြောခဲ့ သခင့်ရဲ့မေတ္တာ
လူသားတွေ ဖြူစင်ရဲ့လား
ဆက်ကပ်ပါ သင့်နှလုံးသား
ပြောင်းလဲခြင်းအသက်တာ
CHORUS
အို မိတ်ဆွေ စိတ်ချမှုရှိပြီလား သင့်အသက်တာ
ပြန်စဉ်းစား အချိန်မနှောင်းသေးခင်လေးမှာ
ချစ်မိတ်ဆွေ ရွှေနန်းထက် ဒို့အားလုံး အမြဲစံဖို့
ယုံကြည်လို့ ချဉ်းကပ်ပါစို့ အို မိတ်ဆွေ