စိုက်သည့်အတိုင်း- ကဗျာဘွဲ့မှူး

Record Tracklist

  1. စိုက်သည့်အတိုင်း- ကဗျာဘွဲ့မှူး -:-- / 3:40

အချိန်ဆိုတဲ့လောင်းရိပ် အလင်းအောက်မှာ လူ့ဘ၀ ပျော်မြူးခဲ့ရာ
လွတ်လပ်စွာအသက်ရှင်လှုပ်ရှားခွင့်ပေးခဲ့တာ
ဘာကြောင့်များ အလင်းမဲ့မှောင်နေတာလဲ အို အို ဟို
အချိန်မလွန်ခင် စဉ်းစားသင့်ပြီလေ

ဒီလိုပဲ လူ့ဘ၀ အဆုံးခရီးလေ တစ်နေ့တော့ အချိန်လေးအောက်မှာ
ပန်းပွင့်လို ပျက်ကြွေ နှုတ်ဆက်သွားရမှာ
ဘာကြောင့်များ ဘုရားမဲ့နေနိုင်တာလဲ အို အို ဟို
အမြန်ပြန်လာ ဆီးလို့ကြိုနေဆဲ

မြင်နေရတဲ့အရာရာအားလုံး တည်မြဲခြင်း မရှိဘူး
ပျက်စီးလာတတ်တဲ့ အရာတွေပဲ
ကိုယ်တိုင်စိုက်ပျိုးထားသည့်အတိုင်း
ကိုယ်တိုင်ပြန်ပြီး ရိတ်ရလိမ့်မယ်
မိန့်တော်ထားသည့်ကျမ်းစာ
အချိန်တွေလွန်ရင် နောက်ကျသွားလိမ့်မယ်
အမြန်ပြန်လာပါ အိပ်မက်လို ပျောက်ကွယ်သွားလိမ့်မယ်