တေးရေး – D. ထဲလ်ဒီ
(ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်)
VERSE
ကြည်လင်တဲ့စမ်းချောင်း စီးဆင်းနေဆဲ
စိုပြေသော မြ မြက် မြက်ခင်းပြင်ထက်
အပူပင်မဲ့ကလေးများ ပြေးလွှားပျော်မြူး
ဘဝတစ်ခုရယ် ငြိမ်းချမ်းစွာပဲ
PRE-CHO
အပြုံးတစ်ခု ဘဝရဲ့ ရင်ကိုအေးစေ
ဘေးဒုက္ခမရှိ စုံလင်ခြင်းတွေ
နေ့ညမရှိ ရွှေ ရွှေရောင်ဘုန်းတော်လွှမ်းလို့
CHORUS
ဖြူစင်တဲ့ အနမ်းများ ပွေ့ဖက်ရင်း
ချီးမွမ်းသီချင်း ကျူးဧသံများ ကြားနေ
ထာဝရပြောင်းလဲခြင်းမရှိဘူး
ငြိမ်းချမ်းသော အခြားက ကမ္ဘာသစ်တစ်ခုလေ
အိပ်မက်မဟုတ်ဘူး စိတ်ကူးမဟုတ်ဘူး
တစ်နေ့တော့ တွေ့ကြုံရမယ့် သုခမြစ်တွေစီးဆင်း
ငြိမ်းချမ်းဝိညာဉ်များရှိရာ ဘုရားရဲ့ရင်ခွင်
အို တစ်နေ့တော့ တွေ့ကြုံရမယ့် သုခမြစ်တွေစီးဆင်း
ငြိမ်းချမ်းဝိညာဉ်များရှိရာ ဘုရားရဲ့ရင်ခွင်
ဟူး … ဟာ …