VERSE 1
ရှင်သန်လာခဲ့တဲ့ နေ့ရက်များစွာရယ် လုံး၀ အဓိပ္ပါယ်မဲ့
ကာရံမဲ့ခြင်းနဲ့ မွန်းကြပ်မှုတွေရယ် နှိပ်စက်လို့နေခဲ့
ရည်ရွယ်ချက်များလည်း ပျောက်ရှနေခဲ့
သာယာစွာငြိမ်းချမ်း အပူပင်မဲ့သောလမ်း မြင်နိုင်မလား
VERSE 2
လူတွေရှုပ်ထွေးတဲ့ လမ်းမကြီးပေါ်ဝယ် အတွေးနဲ့လျှောက်နေဆဲ
တည်နေရာမဲ့တဲ့ ငါ့စိတ်ကူးတွေရယ် မီးခိုးငွေ့လိုပဲ
မသေချာနိုင်လွန်းတဲ့ စိတ္တဇနယ်ပယ်
သာယာနိုင်ဦးမလား တည်ငြိမ်နိုင်ဦးမလား ဒီဘဝကြား
CHORUS
လိုချင်တာတွေရယ် ဖြစ်လိုက်ချင်တာ လောကကြီးထဲရှိပါ့မလား
အဖြေရှာနေပါတယ် ငြိမ်းအေးချမ်းရာ ဘယ်သူလာ ကယ်တင်မလဲလေ
ဒီအချိန် ဒီဘဝရဲ့ အမှောင်ထဲ မြင်ချင်တယ် အလင်းတန်းရဲ့ကမ္ဘာရယ်
(ဒီအချိန်မှာ ဘဝတစ်ခုရဲ့ အဓိပ္ပါယ်ပဲ ကယ်တင်ရှင်ပေးအပ်တဲ့ အလင်းကမ္ဘာရယ်)
VERSE 3
ကယ်တင်ရှင်မြတ်က ခွင့်လွှတ်လို့နေတယ် မဆုံးသောမေတ္တာနဲ့
အချိန်ကိုစောင့်စားရင်း နောက်ကျမှုတွေရယ် ဘဝတစ်ခုလုံးနဲ့ပဲ
အမှန်ကိုပြသောလမ်း တွေ့ခဲ့ပြီပဲ
သာယာစွာငြိမ်းချမ်း အပူပင်မဲ့သောလမ်း မြင်လို့သွား