VERSE 1
လေငြိမ်စဉ် ကမ်းရဲ့တစ်ဘက်ကို ကူးမရနိုင်
အိုင်လယ်မှာ ရပ်လျက် အမောဖြေနေတုန်း
ရီဝေဝိုးတဝါး အိုင်ရေပြင်ပေါ်
ကိုယ်တော် စက်တော်ဖြန့်ရင်း ကြွလို့လာလေသည်
VERSE 2
နာရီသံ သုံးချက်တီးချိန်လင်းလုမှာ
အိုင်လယ်မှာ ကြောက်လန့် ဖုတ်တစ္ဆေလေလား
ဆူကာဟစ်အော် ကိုယ်တော်ကြားလို့
ငါပင်ဖြစ်သည် တည်သောစိတ် ရှိစေကြလော့
CHORUS
ချစ်တဲ့အရှင် ပေတရုပါ လှမ်းလာမယ်ခွင့်တောင်းကာ လှမ်းသွားစဉ်
ဒီလှိုင်းလုံးတွေ ကြောက်လန့်လို့ နစ်မြုပ်ဆဲမှာ ကိုယ်တော်ကယ်မပါ
လက်ဆွဲလို့ ရွေးနှုတ်ခဲ့သူ ကယ်တင်ရှင်ကို
သံသယနဲ့ ဖုတ်တစ္ဆေပါ လွဲမှားစွာ မှတ်ထင်
ယုံကြည်ခြင်းအရာမှာ အားနည်းစဉ်
သံသယရဲ့ကြိုး အလွတ်ရုန်းအောင် မဖြစ်နိုင်လို့
ကိုယ်တော်မစ ကယ်တော်မူပါ
ရင်ဆိုင်ဒုက္ခလှိုင်းတွေ အင်အားပြင်းထန်လွန်းပြီ