VERSE 1
ပူလောင်လွန်းလို့ ခိုနားရာအရိပ်တို့ တမ်းတဆဲ
အေးမြတဲ့အရိပ်တွေ သူပေးတယ်
ရေဆာလွန်းလို့ ရင်ထဲမှာ ပူသော ဒို့သူတိုက်ခဲ့ရေ
ရင်ထဲက မီးတောက်တွေ ငြိမ်းအေးလေပြီ
VERSE 2
နာကျင်လွန်းလို့ ဘဝဒဏ်ရာချက်တို့ ညည်းတွားစဉ်
သူ့ကြောင့်ပဲ ဒဏ်ချက်တွေ ပြေပျောက်ခဲ့
ငိုချင်လွန်းလို့ အသည်းမှာ ဒဏ်ချက်တို့ ခံစားရစဉ်
ပြေပျောက်ဖို့ သူ့မေတ္တာ အစားထိုးရှာပြီ
CHORUS
မိုးကောင်းကြီး ပြိုချင်ပြိုသွားမယ်
ဒါပေမယ့် သူ့မေတ္တာ မပြိုနိုင်ဘူးကွယ်
လောကမြေကြီး အရည်ပျော်ချင် ပျော်သွားမယ်
ခိုင်မာတဲ့ သူ့မေတ္တာအရည်မပျော်ဘူးကွယ်
VERSE 3
လေလွင့်သိုးတို့ ချုပ်ထိန်းရာမရှိလို့ လမ်းပျောက်ဆဲ
လမ်းကြောင်းတွေ မြင်တတ်အောင် ညွှန်ပြခဲ့
အဖော်မဲ့သောဒို့ သူတစ်ယောက်သာအဖော်ပဲမို့ အခုတော့လေ
အဖော်မဲ့ဘ၀ ကွက်လပ်တွေ ပြီးပြည့်စုံပြီ