နွေ မိုး ဆောင်း ဥတုကလေးများရယ် ပြောင်းလဲလို့နေ
ကြွေဟောင်းနွမ်း အသစ်ဖြစ်ရပြန် သစ်ရွက်စိမ်းများရယ်
ဆုံးရှုံးခြင်းဒဏ်ခံရလည်း အားသစ်ဖြစ်လာ
ဘဝကို အရှုံးမပေးဘူး တွေ့နေမယ်
အို မောပန်းနွမ်းလျ ခရီးသွားရယ် အားမလျှော့နဲ့လေ
သင်သွားမယ့် ခရီးကြမ်းလမ်းမှာ အားထားကိုးစားရာ
ဒို့များအရှင်ပါရင်လေ မမောပန်းတော့ပါ
အသက်တာကို လမ်းကြမ်းက မတားနိုင်ပါ
အချစ်ဆုံးလူတွေအတွက်ကွယ် အို နှိုင်းမရအချစ်နဲ့လေ
အသက်ခန္ဓာ စတေးကာ ချစ်ခဲ့ပြီ
အဆုံးအစွန်ပဲ မေတ္တာများရယ်
သူ့ရဲ့မေတ္တာ ဒို့အတွက် အားမာန်ပါ
ပျိုမြစ်တဲ့ ဒို့ရဲ့ဘဝအသက်တာ ပေးဆပ်စို့လေ
အချိန်ရှိခိုက် လုံ့လစိုက်ထားရင် တိုးတက်လိမ့်မယ်
ရည်မှန်းချက်ကို ရင်ဝယ်ထား ကြိုးစားစမ်းပါ
တစ်နေ့မှာ လမ်းဆုံးက ပန်းတိုင်ပါ