အရာရာစံမြန်းတဲ့ လူ့ဘဝကြီးထဲ ကြိုးစားရုန်းကန်သွားခဲ့ရပြီ
ထင်ရာတွေစိုင်းပြီး မင်းစိတ်ကြိုက် အသက်ရှင်လား အိုလူသားရယ်
တစ်ချိန်မှာ မုချတွေ့ကြုံရမယ် အနိစ္စတရားရဲ့ ရက်စက်မှုကို
ဒီလူ့ဘဝကြီးလည်း ကျောခိုင်းမယ့် အချိန်ရောက်မည်
ဒီလောကကြီးထဲ ထွက်ခွါသွားမယ့် လူသားတိုင်းတွေ့ကြုံရမယ်
ဒီသေခြင်း မြစ်ကမ်းရဲ့တစ်ဖက်ကို ရောက်ရင်
ကြုံတွေ့မယ် ဒုက္ခများစွာ သောက ပေါင်းစုနေရာ ငရဲမှာ
ထာဝရအဆက်ဆက် စံရမယ် သင့်ရဲ့ဝိညာဉ်
ကယ်တင်ရှင်ဘုရားမြတ် လက်ကမ်းကြိုလင့်လျက် မသိမ်းဆည်းသေးခင် လှမ်းခဲ့တော့လေ
အချိန်ဆိုတာတရွေ့ရွေ့ မနှောင်းသေးခင် လှမ်းလာခဲ့တော့ အိုလူသားရယ်
မျှော်နေမယ် အမြဲတမ်း မင်းရဲ့အပြန်လမ်း ယေရှုဘုရားမြတ် လက်ကမ်းလျက်ပါ
မြန်မြန်သာ လှမ်း လှမ်းခဲ့တော့ အပြစ်သားရယ်
ထက်ကောင်းကင်နန်းထဲ စိုးစံရမယ့် ဘုရားသားသမီးတွေနဲ့အတူ
ပျော်ရွှင်စွာ ဆုံတွေ့ရတဲ့ အချိန်ရောက်ရင်
ရွှင်လန်းစွာ သီချင်းလေးများစွာ ကျူးဧ သောကမီးတွေ ငြိမ်းအေး
ထာဝရအဆက်ဆက် စံရမယ် သင့်ရဲ့ဝိညာဉ်