VERSE 1
ငါးကြီးရဲ့ ဝမ်းဗိုက်ထဲမှာ ဆုတောင်းနေတဲ့ ယောန
မှားယွင်းတဲ့လမ်းအား ရွေးချယ် အပြစ်သင့် နောင်တတရားနဲ့
ကိုယ်တော်ရှင်စေရာကို ကျောခိုင်းသွားခဲ့ခြင်းကြောင့်
အလိုတော် ဝန်ခံချိန် သုံးရက်မြောက်သောနေ့ နားထောင်
VERSE 2
မုန်တိုင်းများ ရိုက်ချက်ပြင်းထန် သင်္ဘောရေမှာမြုပ်လု
အပြစ်သင့်သောသူလိုက်ရှာ ယောနဆိုသူ တွေ့ရ
ရေကို တည်ငြိမ်စေမည် ယောနပြောခြင်းကြောင့်
လူကိုချည် ဆောင်ယူကာ ရေထဲပစ်ချစေခဲ့
CHORUS
နားထောင် ပျက်စီးမည့် နိနေဝေ
သင်တို့ နားထောင် နောင်တနဲ့ဆုတောင်းပြီး
အစာရှောင်ရာအချိန်ကို ကြေငြာ စိတ်နှိမ့်ချခြင်းနဲ့
အဓမ္မလမ်းအားရပ်ပစ် ပျက်စီးခြင်း လွတ်စေဖို့ သင်တို့နားထောင်
VERSE 3
သင်္ဘောပေါ့စေခြင်းငှါ ဝန်ထုပ်များ ရေမှာပစ်ချ
သင်္ဘောဝမ်း၌ အိပ်ပျော် ဝန်လေးစေသူက ယောန
ပျက်လုသောသင်္ဘောက ဝန်ထုပ်များကြောင့် မဟုတ်ပါ
ဝန်ကို ပိုစေတာဟာ ရှောင်လွဲတဲ့ စိတ်ကြောင့်ပဲ