နာခံမှုရလဒ် – စည်သူလွင်

Record Tracklist

  1. နာခံမှုရလဒ် – စည်သူလွင် -:-- / 3:43

VERSE 1
ကမ္ဘာဦးနေ့ရက်မှစ ယနေ့ထိတိုင်အောင်
ပိုင်သအုပ်စိုး လမ်းပြနေသူ
ရွှေပြည်သို့ လမ်းပြပို့ဆောင် ကောင်းကြီးပေးနေဆဲ
ကျေးဇူးချီးမွမ်း ယေရှုဘုရားရဲ့မေတ္တာ ဂုဏ်ကျေးဇူးကိုသာ

VERSE 2
ထာဝရသစ္စာထားကာ ဖြောင့်မတ်ကတိတော်သည်
ကိုယ်တော်လမ်းပြသွားစေခါနန်
ရန်သူများတို့ဘေးမှ လွတ်မြောက်ခြင်း စစ်နိုင်ခြင်း
ဤသို့မစ ကယ်တင်လွတ်မြောက်ခြင်းများပေးကာ လွန်မြောက်ခဲ့စေတာ

CHORUS
လူကို ကိုးစားခြင်းထက် ဘုရားသခင်ကို အားကိုးခြင်း
ငြိမ်သက်ခြင်းနှင့် အသက်ရှင်လမ်းအား ပြလိမ့်မည်
ထို့ကြောင့် ပို့ဆောင်ပေးသူထံပါးမှာ စိုးရိမ်ခြင်းပေးအပ်ခဲ့ရင်
အောင်မြင်ခြင်း လမ်းဆုံးပန်းတိုင် လျှောက်လှမ်းရနိုင်မည်
(ရွှေပြည်တော်ဝင်စားရသည့်ထိတိုင် ကတိရှိနေသည်)

VERSE 3
မြေပေါ်သို့ မိုးများသွန်းကာ ပျက်စီးကြသော်လည်း
နာခံခြင်းကင်းမဲ့သည့်အကြောင်းသာ
ယုံကြည်ခြင်းသင်္ဘောထဲ၌ လွတ်မြောက်ခဲ့သူများ
ရေလွှမ်းမိုးခြင်း ကာလဆိုးတစ်ခု၏ ဘေးဒဏ် ကျော်ဖြတ်ခဲ့စေတာ