VERSE 1
ခေါ်သံကို ငါလေကြားခဲ့ရ
အချိန်တွေကို ပေးလှူဆက်ကပ်ရင်း
ခြေတော်ရာ လိုက်လျှောက်ပါ့မယ် ကိုယ်တော်ရယ်
VERSE 2
တိုင်တော်မှာ ခန္ဓာစွန့်ခဲ့တဲ့
ကြီးမားတဲ့ မေတ္တာတရားအရိပ်အောက်
ခိုလှုံနိုင်ခွင့်ရခဲ့ပြီ ကိုယ်တော်ရယ်
CHORUS
ခြေတော်မှာ သံမှိုစွဲနှက်သလို ဆူးနင့်ခဲ့ သူ့အကြင်နာ
နာခံကာ ကိုယ်တိုင်ရဲရင့်စွာ သခင့်အတွက် အသက်ရှင်မယ်
သတင်းကောင်းဖြန့်ဝေမယ် ကမ္ဘာဆုံးထိ
အို ဆူးခင်းတဲ့ ခရီးကြမ်းလည်း မမှုတော့ပြီ
ENDING
ခြေတော်ရာ လိုက်လျှောက်ပါ့မယ် ကိုယ်တော်ရယ်
ခိုလှုံနိုင်ခွင့်ရခဲ့ပြီ ကိုယ်တော်ရယ်