တေးဆို-ဂီဒီယန်ထူး
VERSE 1
ငါ့ဝိညာဉ် စိတ်ပင်ပန်းလှပြီ
နေရာမှန်အိမ်အပြန်လမ်း
ကိုယ်ကိုယ်တိုင်ဖွေရှာ နွမ်းလာတော့
လမ်းပြမယ့်အရှင် နှုတ်ထွက်ဂတိတော်သည်
ငါ့အတွက်တော့ ဘဝရဲ့ အလင်းရောင်ခြည်
CHORUS
မိုးကောင်းကင် တံခါးဖွင့်ရင်
မိုးကောင်းကင် တံခါးဖွင့်ရင်
ယုံကြည်သူတွေ အထံတော်သို့ သိမ်းဆည်းမည် /
ဂုဏ်တော်ချီးမွမ်းလိမ့်မည်
(ဖြူစင်သူတွေ ခြေတော်ရင်း ဦးညွတ်မည်)
မိုးကောင်းကင် ရှုမျှော်ခင်း
VERSE 2
ငါ့မျက်ရည် သုတ်သင်ပေးခဲ့ပြီ
ပလ္လင်ဖြူခြေတော်ရင်း
ဝိညာဉ်တော်ချီဆောင်ခြင်းခံရင်း
ငြိမ်းအေးခဲ့ပြီ ဘေးဒုက္ခတွေသည်
ဘဝအသစ်နဲ့ အစပြုခဲ့ပါပြီ
VERSE 3
ငါ့ဝိညာဉ် စိတ်ရွှင်လန်းလှပြီ
ရူပါရုံဒီမြင်ကွင်း
ရွှေပြည်တော် အောင်မြင်ချမ်းသာခြင်း
စီးဆင်းလျက်နေ အသက်ရဲ့စမ်းရေသည်
ထွန်းတောက်လျက် မိုးသောက်ဘုန်းရောင်ခြည်
ENDING
မိုးကောင်းကင် ရှုခင်းတစ်ခုကိုမြင်
မိုးကောင်းကင် ထာဝရရှုမျှော်ခင်း