VERSE 1
ခံနိုင်ရည်ရှိသလောက်တင်းခံ လောကရဲ့ဒဏ်
မီးများ တိုးနေခဲ့တဲ့ ပိုးဖလံ
အရှုံးအနိမ့်ကြားမှာ အသက်လုပွဲတွေများ
ကိုယ်တော်ရှင်ဘုရားရဲ့မေတ္တာ နှုတ်ကပတ်တရားကို
မေ့လျော့လို့သာ ကိုယ့်ရဲ့အသက်တာ
ရင်ခုန်သံမှာ ဒုစရိုက်အပြစ်ပေကျံ
VERSE 2
နာရီတွေပြောင်းလဲသွားပြီ ဘာမှထူးမလာ
အသက်ရဲ့မီးအိမ် ငြိမ်းချုပ်လုမှ
ခံနိုင်ရည်တွေ ကုန်ခါနီးချိန်မှ
သင်ပြန်လည် နောင်တတရားများရလို့ အချိန်များ ဖြုန်းမှာလား
ငယ်ရွယ်စဉ်မှာ ကိုယ်တော်ရှင်အား ဆက်ကပ်ပါ
CHORUS
အချစ်ရဲ့နောက်ကို လိုက်ကာ လမ်းမှားလို့နေမလား
အပေါင်းအသင်းဝိုင်းတွေဖွဲ့ကာ သောက်စားမူးယစ်နေမလား
ဘုရားရဲ့နှုတ်ကပတ်တရားနဲ့ နေ့တိုင်းအသက်ရှင်ပါ
လိုသောအရာ ပြည့်ဝမှာ
VERSE 3
သန္ဓေတည်ခဲ့တဲ့ အပြစ်တွေ နည်းသထက်နည်းအောင်
နှုတ်ကပတ်တရားနဲ့ ကြိုးစားစွမ်းဆောင်
ယုံကြည်သူရယ် သင်သည် သခင့်ရဲ့သား
ရှင်သန်ချိန်မှာ တကယ်ကို အဖိုးထိုက်လွန်းတဲ့ အလင်းမီးအိမ်အလား
မယုံကြည်သူတွေအလယ်မှာ သင့်အလင်း ထွန်းလင်းပါ