အမေ့မျက်ရည်- ဘရန်ဆိုင်း

Record Tracklist

  1. အမေ့မျက်ရည်- ဘရန်ဆိုင်း -:-- / 4:04

VERSE 1
အမှောင်ဝင်လမ်းတွေ လျှောက်ခဲ့လို့ အမေအိုရဲ့ ဆုံးမစကားတွေကို
ဘာတစ်ခုမှမကြား နားထဲ ဆံ့မဝင်ခဲ့
အမေအိုရဲ့ ညှိုးငယ်မျက်ဝန်းလေးနဲ့ လူဘုံထဲ သားလေးကြောင့် အရှက်တွေကွဲ
အကြိမ်ကြိမ်ကျခဲ့မျက်ရည် ကဲ့ရဲ့ခြင်းတွေ

CHORUS
ကိုယ်ထင်တာကိုစိုင်းတော့ အဆုံးတော့ခက်ပြီ ကျွန်ုပ်ဘဝလေး
ဘယ်ဆီဘယ်ကို လှမ်းဖို့ အဖြေခက် တဝေေ၀ မှိုင်ကာတွေး
ဘဝရဲ့နွံကို ရုန်းရင်း အဆုံးတော့ခက်ပြီ ကျွန်ုပ်ဘဝလေး
ဒူးထောက်ဝန်ချ သခင့်ရဲ့ခြေရင်း နာကျင်နောင်တတွေ

VERSE 2
သခင်ရဲ့အလင်းကို ရခဲ့ပြီ ပြင်ဆင်ရင်းဘဝရဲ့ အသက်တာကို
နာကျင်မှုများနဲ့ ရင့်ကျက်မှုယူခဲ့
ဒီတစ်ခါလေ အမေ့မျက်ဝန်းလေးထဲ လူ့ဘုံထဲ သားလေးကြောင့် အပြုံးတွေနဲ့
ဒီအချိန်ကျခဲ့မျက်ရည် ဝမ်းမြောက်ခြင်းတွေ