VERSE 1
တောင်ပေါ်မြေမှာ နှင်းစက်တို့ကြွေ ပန်းချယ်ရီပွင့်နေ
သူ့သဘာဝနဲ့ သူ့အလှ တင့်တယ်နေ
တောတောင်စိမ့်စမ်း ထင်းရှူးတောတွေ မှိုင်းညို့ညို့တောင်တွေ
သက်ငြိမ်ပန်းချီကား ရေးဆွဲထားသလို အဖဘုရားလက်ရာတွေ
VERSE 2
ရွှေဝါရောင်ခြယ် အစုလိုက်ပွင့်နေ ငုဝါ ပိတောက်ပန်းတွေ
သူ့သဘာဝနဲ့ သူ့အလှ ပြည့်စုံနေ
အင်းအိုင်မြစ်ချောင်း သဲနုနုန်းမြေ မြစ်ဝကျွန်းပေါ်မြေ
ဖြစ်တည်ရသော အကြောင်းရင်းသက်သေ အဖဘုရားလက်ရာတွေ
CHORUS
လိမ္မော်ချိုချဉ် သစ်တောသီးတွေ သီးပွင့်ရာနယ်မြေ
ရွှေဝါရောင်ခြယ် စပါးခင်းကြီးတွေ ဖြစ်တည်ရာအကြောင်းတွေ
ကိုယ်တော်ရှင်ဖန်ဆင်းခြင်းသဘောကို သိတတ်လာသူတွေ
ဘုရားသခင်မေတ္တာ ကျေးဇူးအကြောင်းကို
အချိန်ခါရှိတုန်း လက်ဆင့်ကမ်းလို့
VERSE 3
တောင်ပေါ်မှာနေ ဘုရားသားသမီးတွေ အိပ်ပျော်မနေနဲ့လေ
မိန့်မှာကြားခဲ့ စကားအတိုင်း အသက်ရှင်စေ
ထို့အတူ မြေပြန့်သားသမီးအရင်းတွေ နိုးထအသက်ရှင်စေ
ဝိညာဉ်တွေအတွက် သတင်းကောင်းသက်သေ လူတိုင်းသိပါစေ