ဒေါသမီးများ ငြိမ်းသတ်လိုက် မောဟမီးများ ငြိမ်းသတ်လိုက်
VERSE 1
လူတွေဟာ အတ္တနောက်လိုက်ကာ
အယူတွေလွဲကာ အပြစ်သားများဖြစ်နေ
ဟန်ဆောင်ခြင်းများ လူ့လောကထဲမှာ
ကျင်လည်နေတာ သိပ်များပြားလွန်းလာ
VERSE 2
ဒီလိုသာ ဆက်ပြီးမှားရင် ဒီလောက သာယာနိုင်ဦးမလား
သေချာတွေးတော ဆင်ခြင်သုံးသပ်ကြည့်ပါ
အမှောင်လမ်းထဲ ဆက်လျှောက်နေဦးမလား
PRE-CHO
သာယာစေချင်တယ် လောကရဲ့အလှတွေအား
ဖြူစင်စေချင်တယ် လူသားတိုင်းမေတ္တာထား
CHORUS
နေ့ညအချိန်တွေပြောင်းသွား နှစ်လရာသီဟောင်းသွားလည်းကွာ
ဒီလိုနေအချိန်ကုန်လွန်သွား
ပြောင်းလဲပါစေလောက သက်ရှိချိန်ဟာ ခဏလေးပါ
ပြောင်းလဲပြင်ဆင်နေထိုင်လို့သွား
VERSE 3
ငိုယိုနေတဲ့ ကလေးငယ်များအတွက်ပါ
ကူညီဖေးမ စာနာနိုင်ဦးမလား
မာနဒေါသ စိတ်ထားများထားကာ
လူသားချင်း ရန်လိုနေဦးမလား
RAP
ဒီကမ္ဘာကြီးထဲ ဒေါသမောဟတွေနဲ့ ပြည့်နေခဲ့ရ လူတွေစိတ်ထားများ မနာလိုဖြစ်နေကြတယ်
လူတွေရဲ့ပြောစကား ဘေးဖယ်ထား လမ်းမှားမရောက်အောင် ပြုပြင်လို့သွား
လူသာအချင်းချင်း ရိုင်းပင်ကူညီလို့ အမြဲပဲ စေတနာထား မေတ္တာထား
ရန်လိုနေတဲ့စိတ်များ ဘေးဖယ်ထား ကမ္ဘာကြီးကိုလှအောင် ပြင်ဆင်လို့ထား
ENDING
ဒေါသမီးများ ငြိမ်းသတ်လိုက် မောဟမီးများ ငြိမ်းသတ်လိုက်
(ဒီလောကရဲ့ အမုန်များ ငါ့ရင်ထဲမှာတော့ အရှုံးများ)