တေးရေး – အင်ဗျဲမ်းလေး
VERSE 1
စကားတစ်ခွန်းတိုင်းမှာ အမှားပါတတ်လို့
သူတစ်ပါး ထိမိလဲစရာ မဖြစ်မိစေချင်
သခင်မနှစ်သက်တဲ့နေရာ သွားလာတတ်တဲ့
ကျွနု်ပ်ရဲ့ခြေထောက် မျက်မှောက်တော်မှ မလွဲစေလို
VERSE 2
ဦးနှောက်ထဲမှာ လောကကြီးအကြောင်း
သူတစ်ပါးရဲ့ ချမ်းသာမှုနောက် တပ်မက်စွာနဲ့
သခင်မနှစ်သက်တဲ့ အကျင့်ဆိုး အတွေးအခေါ်များနဲ့
ကျွန်ုပ်ရဲ့ဉာဏ်အစွမ်း ကျေးဇူတော်မဲ့ မဖြစ်စေလို
CHORUS
အကြံအစည်တော်အတိုင်းရှိစေဖို့
အလိုတော်အတိုင်း အသက်ရှင်ဖို့
ကိုယ်တော်ကျွန်ုပ်နှလုံးသားလေးကို အသစ်ပြုပြင်မူပါ
ကိုယ်တော်ရှင် အိုးထိန်း ကျွနု်ပ် အိုးမြေ
အလိုတော်အတိုင်း ကျွန်ုပ်ဆန္ဒကို
စုံလင်တဲ့ နှလုံးသားလေးအဖြစ် ပုံသွင်းတော်မူပါ
ENDING
အို ဟို ကျွနု်ပ်၏ဆန္ဒအားလုံး ကျွနု်ပ်၏ ဘဝတစ်ခုလုံး
သင်းပျံ့မွှေးကြိုင်သောရနံ့အဖြစ်
ကိုယ်တော်ထံတော်သို့ ယဇ်ပလ္လင်ပေါ်မှာ
ဝိညာဉ်တော်မီးဖြင့် လောင်စေတော်မူပါ