ဘဝသင်္ခန်းစာ-အောင်ပဏ်း

Record Tracklist

  1. ဘဝသင်္ခန်းစာ-အောင်ပဏ်း -:-- / 6:20

တေးရေး- စန်းချိုလင်း

VERSE 1
သောင်ပြင်မှာ ခြေရာလေးနှစ်ခုတော့တွေ့တယ်
ကိုယ်တော်ရှင် ငါ့ရဲ့နံဘေးမှာ
ရင်မှာ ကြည်နူးခြင်းများနဲ့ လမ်းဆက်လျှောက်စဉ်ခါ
ဘဝရဲ့ခရီးစဉ်ထဲ မုန်တိုင်းကျရောက်စဉ်ခါ

VERSE 2
သောင်ပြင်မှာ ခြေရာလေးတစ်ခုပဲတွေ့တယ်
ကိုယ်တော်ရှောင်ခွာ ထွက်သွားပြီလားကွယ်
ရင်မှာ ကြေကွဲခြင်းများနဲ့ မေးလိုက်မိစဉ်ခါ
ငါ့ရဲ့ ခရစ်တော်ရှင် အဖြေစကားလေးတစ်ခွန်းခြွေကာ

CHORUS
ငါ ဒုက္ခရောက်စဉ်တုန်းမှာ
ငါ လမ်းမှားခဲ့စဉ်တုန်းမှာ
ရန်ဘေးအပေါင်းမှ ယေရှုဘုရား ပွေ့ချီကာ
သူ စောင့်ရှောက်ခဲ့အချိန်တိုင်းမှာ
သူ လမ်းပြခဲ့အချိန်တိုင်းမှာ
ငါသိခဲ့ရ ယေရှုမြတ်ရဲ့အကြင်နာ
နောင်တရားတွေ ရင်ခွင်မှာ
အသိတရားတွေ ရင်ခွင်မှာ
ထာဝစဉ်စွဲမြဲ ခိုင်မာခဲ့ပြီ (သေချာစွဲပြီ) ဒီသင်ခန်းစာ

ဒီသီချင်းကို တေးရေးစန်းချိုလင်းကပြဇာတ်တစ်ခုအတွက်ရေးထားခြင်းဖြစ်သည်ဟုသိရှိရပြီး “အလင်းတွေ့ချိန်”စီးရီးတွင် အောင်ပဏ်းက သီဆိုထားသည်။ သူရဲကောင်းစီးရီးကိုကို လုပ်မည့်အချိန်တွင် တေးရေးစန်းချိုလင်းအားသွားတောင်းရာမှ ယခင် အလင်းတွေ့ချိန်မှ ဆိုထားသော စာသား Chorus 1 နှင့် Chorus 2 ပြောင်းပြန်ဆိုထားမိသည်ဟုသိရှိရပြီး ဤသူရဲကောင်းစီးရီးမှ ဆိုထားသော သီချင်းစာသားသည် အမှန်ဖြစ်ပါသည်။

အလင်းတွ့ချိန်ချိန်တွင် ဆိုသည့်စာသားအမှားများမှာ…

  1. ဘဝသင်္ခန်းစာ အောင်ပဏ်း 5:56

 

VERSE 1
သောင်ပြင်မှာ ခြေရာလေးနှစ်ခုတော့တွေ့တယ်
ကိုယ်တော်ရှင် ငါ့ရဲ့နံဘေးမှာ
—-ရင်မှာ ကြေနူးခြင်းများနဲ့ မေးလိုက်မိစဉ်မှာ
—-ငါ့ရဲ့ခရစ်တော်ရှင် အဖြေစကားလေးတစ်ခွန်းခြွေကာ

VERSE 2
သောင်ပြင်မှာ ခြေရာလေးတစ်ခုပဲတွေ့တယ်
ကိုယ်တော်ရှောင်ခွာ ထွက်သွားပြီလားကွယ်
—- ရင်မှာ ကြေကွဲခြင်းများနဲ့လမ်းဆက်လျှောက်စဉ်ခါ
—- ဘဝရဲ့ခရီးစဉ်ထဲ မုန်တိုင်းကျရောက်စဉ်ခါ