VERSE 1
ယေဇူးဘုရား ကမ္ဘာပေါ်မွေးစဉ်ခါ
ကောင်းကင်တမန်များရဲ့သီချင်းက ဒီလိုပါ
မြင့်မြတ်တဲ့ဘုံမှာ ဘုရားသခင်သည်
တန်ခိုး ဂုဏ်တော် ဘုန်းတော်ရှိပါစေသတည်း
လောကကြီးရဲ့တခွင်မှာ အို တကယ် ငြိမ်သက်ခြင်းရှိစေ
အားလုံး မေတ္တာတွေထားပြီး ဂရုဏာပိုစေ
VERSE 2
ယေဇူးတရားဒေသနာဟောစဉ်ခါ
ပြောကြားတဲ့စကားတစ်ခွန်း မှတ်မိပါသလား
ငြိမ်းချမ်းရေးကို ဖန်တီးသူသည်
အမြဲကျက်သရေမင်္ဂလာ ရှိကြပါပေ
ဘုရားရဲ့သားသမီး အမှန်တကယ် ထိုသူတွေ အခေါ်ခံရလိမ့်မယ်
ငြိမ်းချမ်းရေးအစစ်ကို တွေ့ဖို့ ဒို့ကြိုးပမ်း ရှာဖွေ
CHORUS
ငြိမ်းချမ်းခြင်းအစစ်ဟာ ဘုရားသခင်ပါ
ငြိမ်းချမ်းခြင်း မိတ်ဆွေများပေါ်မှာ
ခင်မင်ကြင်နာစိတ်တွေ ထားခဲ့ရင်သာ ပေါ်လွင်မှာ
ငြိမ်းချမ်းခြင်း ကိုယ့်ကိုကျွေးမှာ ငြိမ်းချမ်းခြင်း အစစ်ကို ရအောင်ရှာ
နိုင်ငံတကာအချင်းချင်း ငြိမ်းချမ်းခြင်းသာ / ငြိမ်းချမ်းမှသာ
VERSE 3
ယေဇူးကားတိုင်ပေါ်မှလေ
ပြောခဲ့တဲ့စကားလေး သတိရမှာပါ
အိုအဖဘုရား သူတို့တတွေကို
ခွင့်လွှတ်တော်မူပါ အကြောင်းမူကာ
သူတို့ပြုခဲ့တဲ့အရာကို သူတို့အားလုံး တကယ်မသိကြပေ
ခွင့်လွှတ်ခြင်းဖြင့်သာ အမြဲတမ်း ငြိမ်းချမ်းပါစေ
VERSE 4
ငြိမ်းချမ်းရေးမှာ အဆင့်အတန်းတွေမရှိ
ဆင်းရဲတာလည်းမရှိ ချမ်းသာတာမရှိ
အရှေ့နဲ့ အနောက် တောင်ရယ် မြောက်ရယ် မသိ
အားလုံးကို တစ်သွေးတည်း ပေါင်းစည်းစေ၏
ဘုရားပြောစကားနဲ့အညီကွယ် ကမ္ဘာပေါ်မှာ ငြိမ်သက်ခြင်းရှိစေ
ခွဲခြားမှုတွေကင်းပြီး အပြုံးပန်းတွေ ဝေ
No comments: