VERSE 1
လူသံတွေဝေးပြီ သန်းခေါင်ယံကမ္ဘာကြီးလည်း အိပ်စက်ပြီ
အတူတူ မင်းနဲ့ငါ ယုံကြည်ခြင်းရဲ့ကမ္ဘာ
ဒီအမှောင်တွေထဲ ဒို့ လျှောက်လှမ်းရမှာ
VERSE 2
အတွေးပန်းချီ ဒဏ္ဍာရီထဲကလို ထူးဆန်းသည်
ဒဏ်ရာအဝေးမှာ ငိုသံအဝေးမှာ
အပြာရောင် ရေလှိုင်းလေးတွေ စီးဆင်းကာ
PRE-CHO
ကောက်ကျစ်ခြင်း ရက်စက်တာတွေ ဝေး
နှလုံးသားချင်း ရိုင်းပင်းစာနာပေး
တူညီရင်ထဲမှာ စီးဆင်းတဲ့သွေး
CHORUS
ကန္တဝင်ကျွန်း အတူရွက်လွင့်ကြစို့
သန်းခေါင်ယံပင်လယ်ပြင်ထဲ ဖြတ်ကျော်သွားမယ်
ကန္တဝင်ကျွန်း အတူရွက်လွင့်ကြစို့
နောင်တစ်ချိန်မှာတော့ အစစ်အမှန် ဖြစ်မယ်
VERSE 3
ဒါအနာဂတ်ကမ္ဘာ လူတွေသိသွားခဲ့ရင် ပြောကြမှာ
မျှော်လင့်ခြင်းများအတွက် ကြင်နာမှုလက်မှာ
ယုံကြည်ချက်များ စွန့်ရန်အကြောင်းမရှိပါ
VERSE 4
တစ်နေ့မှာ တကယ်ကို အိပ်မက်မဟုတ်တာ သိကြမှာ
လူတွေအားလုံးအတွက် ကမ္ဘာမြေသစ်တစ်ခုထဲ
ကန္တဝင်ကျွန်း အစစ်အမှန်ရောက်ရှိမှာ