VERSE 1
မြေပေါ်ကျတဲ့ မျိုးစေ့ငယ်တစ်စေ့အတွက်
အမြင်မှာ ပျက်စီးပျောက်သွားပေမယ့်လည်း
သဘာဝတရားရဲ့ ပြုစုပေးခဲ့ခြင်းကြောင့်ရယ်
အချိန်တန်ရင် ဖူးပွင့်သီးလာမယ်
VERSE 2
ယုံကြည်ခြင်းအတွက် အသက်စွန့်သူ အသွေးတွေ
မြေပေါ်ခပြီး ဆုံးခဲ့ပေမယ့်လည်း
သခင်ဘုရားရဲ့ ကျေးဇူးဂတိတော်များကြောင့်ရယ်
ယုံကြည်သူ မျိုးစေ့ဖြစ်လာတယ်
CHORUS
ဘုရားသခင်အတွက် ပေးကမ်းသောအရာ
ဘယ်အရာမှ အချည်းအနှီးမဖြစ်နိုင်တယ်
ဘုရားသခင်အတွက် စွန့်ခဲ့အသက်တာလည်း
လူ့အမြင်မှာ ဆုံးရှုံးသွားပေမယ့်
ဒီဘဝ၌ အဆတစ်ရာ နောင်ဘဝအတွက် အသက်ချမ်းသာ
ကိုယ်တော်ရှင်ထားခဲ့ ဂတိတည်ရာ/ဂတိတော်ပါ
VERSE 3
လူသည် ဘုရား၌ အသစ်ဖြစ်နေခဲ့ရင်
ပိုင်ဆိုင်ရန်အတွက် စွန့်လွှတ်သူဖြစ်မယ်
ဝိညာဉ်မျိုးစေ့ ကြဲခဲ့တဲ့သူတစ်ယောက်အတွက်ရယ်
ရွှေပြည်တော် ရိတ်သိမ်းခွင့်ကြုံမယ်