VERSE 1
စူးရှလွန်းတဲ့ မျက်လုံးတွေ ဆုံးဖြတ်ချက်က ရဲရင့်စွာ
တောင့်တထားတဲ့ စာစကားရှိခဲ့
မိုးသားမြင့်ထက် ထိုးဖောက်ကာ စွမ်းအားရှိသမျှ အသုံးချတယ်
မြင့်မြတ်စိတ်ဓါတ် ရွှေလင်းယုန်နှလုံးသားနဲ့
CHORUS
ကိုယ်စီမှာ မြင့်မြတ်တဲ့ နှလုံးသားတွေ
ကမ္ဘာမြေကို ယုယဖို့လေ
အမှောင်နယ်မြေက ရုန်းထွက်ခဲ့ အစွမ်းရှိသမျှ
သခင့်အတွက် ပျံသန်းစို့လေ
VERSE 2
လှိုင်းလုံးကြီးများ ကြမ်းတမ်းပါစေ ရက်စက်လှတဲ့ ဘဝရဲ့ဒဏ်
ခါးသီးလွန်းတဲ့ မုန်တိုင်းကို အားပြုလို့
စွမ်းအားထပ်ဆင့် မိုးမြင့်ပျံ အရှုံးများထဲက
လွတ်မြောက်ရန် ကြိုးစားလိုက်ဟေ့ ရွှေလင်းယုန်စိတ်ဓါတ်နဲ့