ငြိမ်းချမ်းရေးအတွက် -ရတနာဦး

Record Tracklist

  1. ငြိမ်းချမ်းရေးအတွက် -ရတနာဦး -:-- / 4:35

VERSE 1
ကမ္ဘာမြေကြီးရဲ့ ငိုသံကြားလား နည်းနည်းလေး နားစွင့်ကြည့်ဦး
ငြိမ်သက်ခြင်းမဲ့ မရေရာခရီးဆက် အားချိနဲ့ကလေးငယ်များ
အဖြေရှာမတွေ့သော ဘဝပြဿနာ အကြင်နာတွေဝေးကွာ
ပျော်ရွှင်ချိန်လေးမရလောက်အောင် ဆာလောင်မှုများစွာကြားထဲမှာ

VERSE 2
ရန်လိုမှုအတွက် ရန်နဲ့ရှင်းလို့ ငြိမ်းချမ်းမှုလမ်းမှမှာကွယ်
ဆင်ခြင်အသိတို့ မာန်မာနအား ပြားပြားမှောက်ဦးခိုက်ဝပ်ဆင်း
ဒီလိုဂလဲ့စား လူ့ပြဿနာ ဘယ်အချိန်မှာ ဆုံးမလဲ
ဒဏ်ရာနဲ့သွေးစီးမျက်ရည် သေသူတွေလည်းသေ ရလဒ်တွေ

CHORUS
အမုန်းကိုယ်စီနဲ့ ငြိမ်းချမ်းရေးရမလား
တွေ့ဆုံအတူတကွ အဓိက ပြဿနာရှာ
ဘုရားရှင်ထံပါးမှာ ဒို့အတူတူ ဆုတောင်းရင်း
ငြိမ်းချမ်းရေးသတင်းကောင်း ဆောင်ယူစို့ကွယ်

VERSE 3
မခံနိုင်အကြမ်းဖက် မဆိုင်သူထိခိုက် ဝမ်းနည်းစရာသောကမြင်ကွင်း
ကမ္ဘာမြေစီးပွား ယိုင်နဲ့သွားတော့ အားလုံးပဲ ဒုက္ခရောက်သွား
အဖြေမှန်မရှိသော အမုန်းစစ်တွေ အမြန်သာရပ်စမ်းပါ
လူကိုလူချင်း အမုန်းကြီးရင် ဒီကမ္ဘာမြေကြီးပျက်သုဉ်းတော့မှာ