VERSE 1
လူသည် မုန့်အားဖြင့် အသက်မရှင်
ဘုရားမိန့်တော်မူသမျှဖြင့် ရှင်သည်
အစာသည် ဘုရားအမိန့်တော်ဖြင့်ပေါ်
အစာထက် အမိန့်တော်၌ မှီခို
CHORUS
အို ယုံကြည်သူတို့ လောကသားနည်းတူ
ပူပန်စိုးရိမ် တုန်လှုပ်လျက်နေ
ဘုရားဂတိတော်ပေါ်၌ ရပ်တည်
လောက၌ အောင်မြင်စွာ အသက်ရှင်ပါ
VERSE 2
ဣသရေလူများ အဲဂုတ္တုမှာ
ဘုရားသည် အစာမရှိသော တောတွင်
သူတို့မသိဖူးသော မန္နမုန့်ဖြင့်
နှစ်လေးဆယ် ကျွေးမွေးကာ ပို့ဆောင်ခဲ့
VERSE 3
ခါနန်ပြည်၌ အစာ ခေါင်းပါးသောအခါ
ဘုရားသည် ဧလိယကို ကျီးအ နှင့်
မုဆိုးအားဖြင့် ကောင်းမွန်စွာကျွေးမွေး
ဘုရားမတတ်နိုင်သောအရာမရှိ