VERSE 1
အားငယ်နေသူ စိတ်လေလွင့်သူ အားပေးကူညီလှည့်ပါ
အကြည်းတန်နေသောသူ သိမ်ငယ်စိတ်ပျက်သူ နှစ်သိမ့်ကာ ထူမပါ
CHORUS
ဝိညာဉ်အားလုံး ဘုရားမြတ်ဆာငတ်
အမှောင်မှ ရုန်းထွက်လွတ်မြောက်နိုင်ဖို့ / ဝိညာဉ်အားလုံးဘုရားမြတ် လိုအပ်
အကြင်နာတရားများ လက်ကမ်းဝေပါ ကိုယ်တော်အသိအမှတ်ပြုပေးလိမ့်မည်
သူ့အကြံအစည်ထဲမှာ ပါဝင်ဆက်ကပ်ရန် ဘုရားမြတ် ကယ်တင်ခဲ့ပြီ
VERSE 2
သောကရင်မှာ ကျွမ်းလောင်တဲ့သူ စိမ်းလန်းရာ ပေးမျှပါ
ငတ်နေသူများစွာ ဆာလောင်မွတ်သိပ်သူ ပြုစုကြင်နာပေးပါ
VERSE 3
တမ်းတနေသူ မိခင်မေတ္တာ အစွန့်ပစ်ခံရသောသူ
လှိုက်ငိုနေဆဲပါ တွယ်ရာမဲ့ကလေးတွေ ဘုရားမေတ္တာလိုအပ်ပြီ