နှုတ်ကပတ်တော်သည်မှောင်မိုက်သော
ငါ၏လမ်းခရီးလင်းစေသည်
အစဥ်မှန်ကန်သောလမ်း
ညွန်ပြပို့ဆောင်နေဆဲပင်
ကိုယ်တော်နဲ့ထိတွေ့ဖို့
နေ့စဉ်သွန်သင်လျက်နေ့
ဘဝရဲ့ဒါဏ်တွေရင့်ကျက်လို့လာစေရန်
လှိုင်းတံပိုးဒါဏ်တွေကိုအထပ်ထပ်
ကျော်ဖြတ်ခဲ့လို့အားအင်တွေ
ကုန်လွန်လာခဲ့လည်း ဖြည့်ဆည်းခဲ့ပြီခွန်အားသစ်
အစဉ်တည်မြဲသောခရီး
လမ်းလွဲကာကျော်မသွားအောင်
လက်တွဲကာပင်စောင့်ရှောက်လာပြီလေ
မှောင်မိုက်သောလမ်းခရီးတွေမှာ
ပူဆွေးရလည်း အဖော်မွန်ပါ
သူနှစ်သိမ့်အားမာန်ပေးတယ်
မျှော်လင့်ခြင်းများမဲ့စဉ်ခါ ခွန်အားပေးခဲ့
အမှန်ပါအစဉ်သာ ကူညီလမ်းပြပေးနေတယ်