တေးရး – ခွန်ရှန်ဆုန်
VERSE 1:
ကိုယ်တော်မှတစ်ပါး အခြားဘယ်သူ မဖြစ်နိုင်ရာ/မပေးနိုင်ရာ
ကိုယ်တော်သာ ကျွန်ုပ်၏အသက် ကျွန်ုပ်၏ဘဝကို ပေးပိုင်သူ
ကျွန်ုပ်ရဲ့ အကြံအစည် မျှော်လင့်ခြင်းများနဲ့
ကျွနု်ပ်ရဲ့ ဝိညာဉ် ကယ်တင်ခြင်းအခွင့်အတွက်
ကိုယ်တော်မှတစ်ပါး အခြားဘယ်သူ မဖြစ်နိုင်ရာ/မပေးနိုင်ရာ
CHORUS:
သေမင်းရဲ့အရိပ် လွှမ်းမိုးချိုင့်ထဲသို့ လျှောက်ခဲ့ရစဉ် ကွယ်ကာခဲ့ပြီ
မာရ်နတ်တန်ခိုး ကျော့ကွင်းလှောင်ချိုင့်မှ ကိုယ်တော်ကယ်နှုတ်ရွေးခဲ့လေပြီ
ဆာငတ်ဝိညာဉ်အတွက် အေးမြရေတစ်စက် တမ်းတမိစဉ် ကိုယ်တော်ပေးပြီ
သိခြင်းနဲ့ မသိခြင်း ကျွန်ုပ်ရဲ့အပြစ်များအတွက် ကိုယ်တော်ဖြေလွှတ်ပေးခဲ့လေပြီ
အဘယ်အမှုမျိုးကို ငါသည် ပူပင်ကြောင့်ကြရမလဲ အားလုံးပုံအပ်ထား
ကိုယ်တော်မှတစ်ပါး အခြားဘယ်သူမဖြစ်နိုင်ရာ
VERSE 2:
ကိုယ်တော်မှတစ်ပါး အခြားဘယ်သူ မရှိနိုင်ရာ/မချစ်နိုင်ရာ
ကိုယ်တော်သာ ကျွနု်ပ်ရဲ့အပြစ် ကျွနု်ပ်အပြစ်များကို လွှတ်နိုင်သူ
ကျွန်ုပ်ရဲ့လွန်ကျူးခြင်း အလွန်ဆိုးယုတ်ခြင်းအတွက်
အသွေးသွန်းခဲ့ရှာ ကရာနီကုန်းထက်မှာ
ကိုယ်တော်မှတစ်ပါး အခြားဘယ်သူ မရှိနိုင်ရာ/မချစ်နိုင်ရာ