တေးရး – မရန်ခွန်ဆန်
VERSE 1:
ရှင်သန်ကာ လောကထဲ အသက်ဆက်ကာ လျှောက်လှမ်းဖို့ ယှက်ရောစိုးထိတ်စွာနဲ့
လူအမြင်မှာ တကယ်ပဲ မကြည့်ရက်စရာ လူ့ဘဝရှုံးပြီလား
မြင်သူတကာလှည့်ရှောင်လို့ တိတ်ဆိတ်စွာ ကြေကွဲရင်း ခါးသီးမွန်းကြပ်နေပြီ
ကူညီကာ ဖြေသိမ့်အားပေးကာ ပေးဆပ်လိုက် မေတ္တာတရား
CHORUS:
ကမ်းလင့်နေ ချို့တဲ့လက်တွေ လှမ်း၍ ဆုပ်ကိုင်ထူမစဉ်
ကျိုးပဲ့နေသော နှလုံးသားမှာ သခင့်မေတ္တာဂရုဏာတွေ ပျော်ဝင်စီးဆင်းစေသား
အငယ်ဆုံးသောသူများနဲ့ တစ်သွေးတည်းအတူတစ်သားတည်း တိုးမျှဝင် ခံစားကာ
လူ့အသိုင်းအဝန်းထဲမှာ ထာဝစဉ် အတူတူ ရွှင်ပြုံးပျော်နိုင်စေ
VERSE 2:
အဖေအမေများအပြစ်ကြောင့်လား ရှေးဟောင်းဘ၀ ဝဋ်ကြွေးလား အပြစ်ဖို့ စွပ်စွဲနေပြီ
နေထိုင်ရာ လူသားအသိုင်းအဝိုင်းက စည်းခြားစွန့်ပစ်ထား
ဒီကမ္ဘာမြေလောကသား အားလုံးဟာ အပြစ်သားမို့ ဘယ်သူမှ မသန့်ရှင်းနိုင်ဘူး
ကြင်နာစွာ လူချင်းဖေးမပါ ဘဝအသစ်နဲ့အသက်တာအတွက်