တေးရး – L. Baum Zung
VERSE 1:
ဆုံးရှုံးခြင်းတွေ ရင်ဆိုင်ရင်း အပြစ်နွံမှာ သင့်ဘ၀ ရေစုန်မျောနေလား
များလွန်းတဲ့အပြစ်တွေအတွက် ကားတိုင်မှာ အသေခံပြီး ရွေးနှုတ်ပြီ
ခေါ်သံကြားနေ သခင့်ရဲ့စကားကို
နားရှိလျက်နဲ့ မကြားချင်ယောင်ဆောင်နေဆဲလား
ချီဆောင်ချိန်ဟာ နီးစေပြီ
VERSE 2:
ဆုံးရှုံးခြင်းတွေ ဘယ်လိုပဲ များနေပါစေ ကိုယ်တော်ရှင်က ပစ်မထားဘူး
အနှိုင်းမဲ့တဲ့ အချစ်တွေနဲ့ မေတ္တာကို ဆင်ခြင်ကာ ပေးဆပ်ပါ
ပြင်ဆင်ရမယ် ဒို့ရဲ့အသက်တာ
မထင်မှတ်တဲ့နေ့အတွက် သင့်ရဲ့အသက်တာ သေချာဆန်းစစ်ပါ
သခင်ပြန်ရင် ခက်မယ်နော်
CHORUS:
သိုးနဲ့ဆိတ် ခွဲခြားမယ့်နေ့ ရောက်လာမယ်
ကွဲကွဲပြားပြားရှိပြီလား
သင်သိုးလား သင်ဆိတ်လား စိတ်ချခြင်းကောရှိပြီလား
စိတ်နှလုံးတံခါးကို ဖွင့်၍
အသင့်ပြင်ထားပါ သခင်ပြန်လာချိန်နီးနေပြီ နော်
အသင့်ပြင်ထားပါ စီရင်ချိန်ဟာ နီးစေပြီ