တေးရး – စောဖိုးခွား
CHORUS:
(ဟား… ကြည့်တတ်ရင် မင်းတွေ့မှာ
အို မင်းအနားမှာ အမြဲရှိတာ
အို မင်းကြည့်တတ်ရင် မင်းတွေ့မှာ
သူ မင်းအနားမှာပါ)၂
VERSE 1:
ပြောင်းလဲခြင်းရဲ့ မနက်ဖြန်များစွာ
မှားယွင်းခြင်းများ ထပ် ထပ်ကာတိုးလာ
ခါးသီးခြင်းများ ည ညအိပ်မက်မှာ
ရိုးသားခြင်းများ မှေးမှိန်လာတဲ့ လောကမှာ
ဘဝက အဓိပ္ပါယ်မရှိတော့ပါ
VERSE 2:
လှည့်ကွက်တစ်ခုရဲ့ ညနေခင်းမှာ
အစားထိုးမရတဲ့ ဘဝတွေ ကြွေပျက်ကာ
အားကိုးမဲ့တဲ့စိတ်မှာ ခြောက်ခြားလာ
မွန်းကြပ်လွန်းလို့ ထွက်ပေါက်ရှာရင်းမတွေ့တဲ့ခါ
မျက်စိမှိတ်ကာ ကြည့်လိုက်ပါ