တေးရေး – ဘရန်တောင်
VERSE 1
မြင်နေသောအရာတိုင်း ဆင်ခြင်သောအရာတိုင်း
အရာရာတိုင်းမှာ ဘုရားရဲ့လက်ရာများ
အံ့သြမိပါတယ် အို ထူးဆန်းကျွမ်းသူ
နှလုံးသားထဲမှာ ချီးမွမ်းဖို့ပါပဲ
VERSE 2
တုနှိုင်းမရနိုင်သော အရာအားလုံးထက်မှာ
အသေခံအသွေးသွန်းကာ သူ့ရဲ့မေတ္တာများ
အစဉ်ထွန်းတောက်နေသော အရှင်ဘုရားရဲ့ဘုန်းတော်
နှလုံးသားထဲက ချီးမွမ်းဖို့ပါပဲ
CHORUS
ဒူးထောက်လျက် အစဉ် ရိုသေခြင်းနဲ့
ချစ်ခြင်းများ အစဉ် မြတ်နိုးမှုများ
ပေးအပ်လျက် အစဉ် ပြပ်ဝပ်ကိုးကွယ်
(နှိမ့်ချလျက် အစဉ် ပြပ်ဝပ်ကိုးကွယ်
ဒူးထောက်လျက် အစဉ်ပြပ်ဝပ်ကိုးကွယ်)