တေးရေး – အင်ဗျဲမ်းလေး
VERSE 1
အားအင်ကုန်ခမ်း မောပန်းနွမ်းနယ်
ဘဝကန္တာရဟာ ဘယ်မှာဆုံးမလဲ
ယုံကြည်သူရယ် ရှေ့ခရီးဆက်ဖို့အတွက်
သင်တစ်ဦးတည်းလျှောက်ရန် မဖြစ်နိုင်မှန်းကို
သခင်ဘုရားဟာ ကြိုသိပြီးသား
VERSE 2
သင့်မှာရှိသော စွမ်းအားနဲ့တော့
ဘဝပင်လယ်ကြီးကို ဘယ်လိုဖြတ်မလဲ
ယုံကြည်သူရယ် အောင်ပွဲရဖို့အတွက်
သင်တစ်ဦးတည်းတိုက်ရန် မဖြစ်နိုင်မှန်းကို
သခင်ဘုရားဟာ ကြိုသိပြီးသား
CHORUS
ရဲရဲကြီးအားကိုးလိုက်ပါ ဒို့မိတ်ဆွေဟာ
မျက်ရည်မဟုတ်ဘူး
ရဲရဲကြီးအားကိုးလိုက်ပါ(စမ်း) ဒို့ရဲ့သခင်ဟာ
စြင်္ကဝဠာနဲ့အမျှ ဒို့ကို တန်ဖိုးထားပါတယ်
VERSE 3
ကပ်ကမ္ဘာကုန်ထိ ထွေးပွေ့ထားမယ်
လက်တော်ကိုဆုပ်ကိုင်ကာ အတူတူခရီးဆက်
ယုံကြည်သူရယ် နောက်ဆုံးသောနေ့ကို
မျှော်လင့်တဲ့မနက်ဖြန် ရောက်လာခဲ့ရင်
သခင်ဘုရားဟာ စီစဉ်ပြီးသား
BRIDGE
ဟူး ဟူး ဟူး ကိုယ်တော်ရဲ့လက်တော်နဲ့