တေးရေး – ကိုထွေး
CHORUS
ဆန္ဒတစ်ခုရှိရင် မျှော်လင့်ခြင်းနေ့ရက်များ
အမှောင်မိုက်ဆုံးသောညနက်ထဲ အလင်းက မင်းအတွက်ပဲ
အချိန်ရဲ့ခရီး ရပ်ထားလိုက်ချင် မျှော်လင့်ခြင်းနေ့ရက်တိုင်း
အတူတူနှလုံးသားထဲ ချစ်ခြင်းရဲ့မီး မင်းကို ရည်စူးခဲ့ပြီး
ဒီဆန္ဒ ငါ့(ဒို့)ရင်မှာ
(ဒီဆန္ဒ ဒို့ရင်ထဲ ဒီဆန္ဒ ဒို့ရင်မှာ)
VERSE
မင်းတစ်ယောက်သာ ငါ့အရိပ်ပါ ငြိမ်းချမ်းသောနေရာ
ပင်လယ်ရေတွေ ခြောက်ခမ်းနေပါစေ ရင်မှာအမြဲသိထား
BRIDGE
မင်းပဲထာဝရသစ္စာ နှစ်သိမ့်သောရင်ခွင်
အရာရာကို နားလည်သူ အပြန်အလှန် ပိုင်ဆိုင်ပြီး
ရှိသမျှ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမေတ္တာ
သက်ဆုံးချိန်တိုင်အောင် ရင်ဆိုင်မယ့်နေ့တွေ
ကိုယ်တော်ကို မျှော်ကြည့်ရင်း ထာဝစဉ်တည်မယ် ဒီချစ်ခြင်း