တေးရေး – ဧလိယ
VERSE 1
ဆင်ခြင်မြေမှုန့်နဲ့လူ လူ့ရဲ့ဘဝဟာ မရေရာဘူး
ယာယီခေတ္တလောကဧည့်သည် အချိန်တန်ပြန်ထွက်သွားရမယ်
ခန္ဓာကြွေလင့်ခဲ့ရင် သင့်ရဲ့ဝိညာဉ် ဘယ်ဆီလဲ
ထာဝရခရီးအတွက် လမ်းနှစ်ခုရှိနေတယ်
VERSE 2
အိုနာသေခြင်းနဲ့လူ အနိစ္စတရားသည် ကိုယ်တိုင်ပဲ
လူသည် ဘုရားမဟုတ် မြေမှုန့်ကလာ အချိန်တန် မြေမှုန့်သွားရမှာ
ဟန်ဆောင်မနေနဲ့တော့ကွာ ငရဲလားကောင်းကင်ရွှေပြည်လား
တိကျတဲ့ အဖြေတစ်ခုတော့ ထာဝရအတွက် ရွေးရမယ်
ကိုယ်တိုင် ခံစားရမယ့် အမြဲထာဝရ
CHORUS
လမ်းလေးနှစ်လမ်းတော့ ရှိလို့နေ ဘယ်လမ်းရွေးမှာလဲ
ယုံကြည်ဆုံးဖြတ်ချက်လေးမှားခဲ့ရင် ထာဝရမတွေးဝံ့စရာပဲ
အသက်အတွက်အသက်နဲ့ အစားထိုးကာ ချစ်ခဲ့လေသူ
ယေရှုသာလျှင် မှန်သော လမ်းခရီး အသက် ထာဝရ