တေးရေး – ညီညီသွင်
VERSE 1
မင်္ဂလာနေ့သစ်ရောက်ပြီ ကျူးရင့်တေးကိုသီ
လူရှေ့ ဘုရားရဲ့ရှေ့မှာ သစ္စာပြုပါသည်
ဒီကမ္ဘာကြီးတည်နေတဲ့အထိ
ဒို့ချစ်ခြင်းလည်း ရှိနေဦးမည်
VERSE 2
ရင်ခုန်ခြင်းရဲ့စကားကို ဂရုစိုက်နားထောင်မည်
ထာဝရဘုရားရဲ့တံပိုးကို ထမ်းရန်အသင့်ပြင်သည်
ယုံကြည်သော အနာဂတ်များအထိ
အိပ်မက်များ အတူမက်ဦးမည်
CHORUS
အမြတ်နိုးဆုံး နှောင်တွယ်လို့ထား
ချစ်ခြင်းနဲ့ ဒို့ရဲ့လက်များ
အဖရဲ့ အထံတော်ကို တိုးဝင်သည်
ခိုင်မြဲဖို့ တောင်းဆုခြွေမည်
ENDING
ယုံကြည်သော အနာဂတ်များထိ
ဒို့ချစ်ခြင်းများ ဖူးပွင့်စေမည်