တေးရေး – အဂူးခင်
VERSE 1
ဂုဏ်ယူဝံ့ကြွားစရာအချက် ဘာတစ်ခုမှမရှိ
ဝမ်းနည်းလို့သာနေရင်း ပူပင်စရာ သောကတွေကြား
အံကြိတ်ကာ ဇွတ်တိုး မိုက်ဆိုးလို့နေတယ်
ဖန်ဆင်းရှင် ကိုယ်တော်ဘုရားခေါ်နေတယ်
VERSE 2
ပျော်ရွှင်ခြင်းလွန်ကဲ သာယာခြင်းတွေထဲ
မူးယစ်လို့သာ လွင့်မျော ကိုယ်ခန္ဓာရင်းသူများ
ကိုယ်တော်ထံ နောင်တနဲ့အတူ ဝင်ရောက်တောင်းပန်ချိန်
အပြစ်လွှတ်ခြင်းအမှုကို ကိုယ်တော်ပြုလေပြီ
CHORUS
ဖြောင့်မတ်သောသူကို နောင်တသို့ခေါ်ခြင်းငှာ
ကိုယ်တော်လာသည်မဟုတ်
ဆိုးသောသူတို့ နောင်တသို့ခေါ်ခြင်းငှါ
ကိုယ်တော်ကြွလာသတည်း
VERSE 3
လူတွေပေါ် ခေါင်းပုံဖြတ် အကြင်နာကင်းမဲ့စွာ
အမြဲရဖို့သာ ကြံနေ အခွန်ခံ ဇာတိသားတောင်မှ
ကိုယ်တော်ထံ နောင်တနဲ့အတူ ဝင်ရောက်တောင်းပန်ချိန်
အပြစ်လွှတ်ခြင်းအမှုကို ကိုယ်တော်ပြုလေပြီ
VERSE 4
ကရာနီးကားတိုင်ထက် ကိုယ်တော်ဘုရားနဲ့အတူ
ရိုက်နှက်ခြင်းကိုခံတဲ့ ရာဇဝတ်လူဆိုးကြီးတောင်မှ
ယနေ့တွင် ငါနဲ့အတူ ပရဒိသုဘုံ၌
ရှိလိမ့်မည် ကိုယ်တော်မိန့်ဆိုခဲ့