တေးရး – စသာစိန်
VERSE 1
တယူသန်စိတ်ထားများ ထားတတ်ရင်
မာန်မာနလေးများ ရှိခဲ့ရင်
အစေခံလမ်းမှာ ရှေ့ဆက်ဖို့ရန် ခလုတ်ကသင်း ဖြစ်နေမယ်
သခင့်ရဲ့အလိုနဲ့ မကိုက်သေးပါ
VERSE 2
အယူဝါဒလေးများ ကွဲပြားရင်
ခံယူညှိနှိုင်းမှု မရှိခဲ့ရင်
သာသနာခရီးမှာ ရှေ့ဆက်ဖို့ရန် တကွဲတပြားဖြစ်နေမယ်
သခင့်ရဲ့အလိုနဲ့ မညီသေးပါ
CHORUS
ကိုယ်တော်က သူ့နောက်လိုက်မည့်သူများ
ကိုယ့်ရဲ့ကားတိုင်ကိုထမ်းကာ
ကိုယ့်ရဲ့ဘဝကိုလည်း ငြင်းပယ်ထားရမယ်
ကိုယ်ကျိုးမဖက် အများအကျိုးအတွက်လည်း
ပေးဆပ်လို့ အသက်ရှင်သွားမယ်
ဒီလို စိတ်ထားမျိုး ကိုယ်တော်အလိုရှိတယ်