တေးရး – စသာစိန်
VERSE 1
ရှာဖွေထားရမယ့် လောကရဲ့ စည်းစိမ်ဥစ္စာများ
သိုလှောင်ထားရမယ့် ကိုယ့်ဘဝမှာ စားနိုင်သောက်နိုင်ဖို့
ငါ့ဝိညာဉ် နှစ်ရှည်များစွာ ပျော်မွေ့ခြင်း စားသောက်ခြင်းအမှုကိုပြုလော့
မပူပင်ရအောင် ကြံစည်ထားတယ်
VERSE 2
ဒီအချိန် ဘုရားမြတ်ရဲ့ ဟောပြောကာ မိန့်မှာခဲ့တဲ့စကား
ဒီကနေ့ညမှာ သင့်ဝိညာဉ် ငါရုပ်သိမ်းခဲ့ရင်
ကိုယ့်ဘဏ္ဍာစည်းစိမ်ဥစ္စာ အဘယ်သူက ပိုင်ဆိုင်ခြင်းအမှုကိုပြုမလဲ
သေချာစဉ်းစားပါ တွေးကြည့်စမ်းပါ
CHORUS
လောကရဲ့ လောကရဲ့စည်းစိမ်တွေထဲ
ဒို့အသက် ဒို့ဘ၀ တည်မနေနိုင်ဘူး
တည်မြဲခြင်း ခိုင်မြဲခြင်းအရာတွေကိုလည်း
ပိုင်ဆိုင်ကာ ရယူထားနိုင်ပြီလား
မတည်မြဲခြင်းအရာ လောကရဲ့တပ်မက်ခြင်းတွေလား
ကိုယ်တော်ဘုရား၌သာ ဒို့အသက်တာ ပြည့်စုံပြည့်စုံမယ်
စွဲမြဲစွာလက်ခံထားရင် ပျော်ရွှင်ခြင်း ငြိမ်သက်ခြင်း ရောင့်ရဲခြင်းတွေ
အမှန်တကယ်ရမယ် (ရရှိလိမ့်မယ်)