တေးရး – KNO
VERSE
တိုးတက်နေခေတ်ထဲ အရာရာ အကုန်လုံး
အလှအပတွေစုလို့ ပျော်စရာတွေပဲ
ဒါတွေဟာ ဘယ်သူ့ကြောင့်လဲ
တေးသီချင်းများကိုလည်း သီကာဆိုညည်း
ယိမ်းနွဲ့ကာ ကနေ တူညီစွာနဲ့
ဒါတွေဟာ ဘယ်သူ့အတွက်လဲ
သိပ်လှတဲ့ စမ်းချောင်းလေးနဲ့ တောင်ပြာတန်းတွေ
ကျေးငှက်ရဲ့ တေးသွားတစ်ပုဒ်ဟာ တစ်ယောက်ယောက်ကို မြွက်ဆို
CHORUS
နှိုင်းတုမရ သခင့်လက်ရာများ လူသားတို့အပေါ်မှာ
စောင့်ရှောက်လျက် နေ့ရက်တိုင်းမှာ ကွယ်ကာပေးနေ
ကြီးမားတဲ့ သခင့်ဂရုဏာများ ချီးမွမ်းမကုန်ဘူး
ဖန်ဆင်းပေးခဲ့ ဒါ ငါတို့အတွက်လေ
အုပ်စိုးခွင့်တွေ အကုန်အပ်နှင်းခဲ့ပြီ
ဒို့အပြုံးလေးနဲ့ လောကကြီးအား လှပဖို့လေ
VERSE 2
ခမ်းနားမှုတွေနဲ့ ဒီလိုခေတ်ကြီး
ငြိမ်းချမ်းမှုများနဲ့ ပြေလည်ကာထား
ကမ္ဘာမြေဟာ လှနေမယ်
ရိုးသားမှုတွေနဲ့ ကူညီစိတ်ထား
ရှင်းသန့်တဲ့ဘဝထဲ လာ အတူဝင်စို့
လိုတာတွေ ပြည့်စုံမယ်
ဆန်းပြားတဲ့မိုးသားများနဲ့ ပင်လယ်ကုန်းမြေ
အဖိုးအခမဲ့ပေးထားခဲ့ပြီ အကျိုးရှိစွာသုံးဖို့